Getting Started with Arduino အာဒွီနို ကို စတင် အသုံးပြုကြမယ်

၁။ ပထမ အဆင့် - Arduino Software (IDE) ကို download ဆွဲပြီး install လုပ်မယ်

မိမိ ၏ လက်တော့ပ် / ကွန်ပျူတာထဲ သို့ Arduino Software (IDE) ကို အရင်ဆုံးထည့်သွင်းပါ။ Arduino Software (IDE) ကို Arduino ၀က်ဘ်ဆိုဒ် software စာမျက်နှာ ဖြစ်သော https://www.arduino.cc/en/Main/Software မှာ အခမဲ့ ရယူနိုင်ပါတယ်။ Arduino IDE ကို မတူညီသော Operating System တွေ ဖြစ်တဲ့ Windows ၊  Mac ၊ Linux   တွေမှာ အသုံးပြုနိုင်အောင်ပြုလုပ်ပေးထားပါတယ်။  Arduino ကိုလေ့လာအသုံးပြုမယ့်သူကလည်း သူနဲ့ သက်ဆိုင်တဲ့ OS ပေါ်မူတည်ပြီး သက်ဆိုင်ရာ IDE software ကို download ဆွဲပေးရပါမယ်။ ယခု ပြသမယ့် သင်ခန်းစာ မှာတော့ Windows OS ကို အခြေခံပြီး ဆက်လက် တင်ပြပေးသွားပါမယ်။  Windows OS အတွက်  Installer (.exe) နဲ့ Zip packages  ဆိုပြီး နှစ်မျိုး ရှိပါတယ်။ ပိုမိုလွယ်ကူစေရန် အတွက် ပထမ တစ်ခု installer ကို ရွေးချယ်ပေးပါ။ Software နှင့် သက်ဆိုင်သော drivers များကိုလည်း တစ်ပါတည်း install လုပ်ပြီးသားဖြစ်သွားပါမယ်။ Installer အစား Zip package ရွေးချယ်ပါက drivers တွေကို manually install လုပ်ပေးရပါမယ်။ Portable installation ပြုလုပ်လိုပါက zip file ဟာ အသုံး၀င်ပါတယ်။

Windows installer, for Windows XP and up ဆိုတာကို ရွေးချယ်ပေးပါ။
Just Download ကို ရွေးချယ်ပေးပါ

Arduino Software (IDE) .exe file ကို မိမိသိမ်းဆည်းလိုသော နေရာ Hard drive တွင်သိမ်းဆည်းပါ။ ထို့နောက် .exe file ကို ဖွင့်ပါ။ Licensing agreement ပေါ်လာပါက I Agree နှိပ်ပေးလိုက်ပါ။

I Agree ကို နှိပ်ပါ
လိုအပ်သော component များကို install ရန် Next ကိုနှိပ်ပါ။ (မှတ်ချက် - ပုံထဲက အတိုင်း အမှန်ခြစ်အကုန်ပါပါစေ၊ USB driver ကိုလည်း install လုပ်ရန် လိုအပ်ပါသည်)
Install ကိုနှိပ်ပါ။ Installation ပြီးပါက Close ကိုနှိပ်ပါ။
ထို့နောက် Desktop ပေါ်တွင်တင်ထားသော Arduino shortcut ကို နှိပ်လိုက်ပါ။ Arduino Software (IDE) ကို စတင်ဖွင့်သုံးနိုင်ပါပြီ
Arduino Software (IDE) ကိုဖွင့်လိုက်ပါက တွေ့ မြင်ရမည့် ပုံနမူနာ ဖြစ်ပါသည်။
×