Getting Started with Arduino အာဒွီနို ကို စတင် အသုံးပြုကြမယ်

၂။ ဒုတိယ အဆင့် - Arduino Software (IDE) ကို စတင်အသုံးပြုမယ်

Software ကိုလည်း မိမိရဲ့ ကွန်ပျူတာ ထဲ ထည့်သွင်းပြီးသွားပြီ။ Arduino IDE ကို စသုံးတော့မယ်ဆိုရင် မိမိရဲ့ Arduino board (ဥပမာ – Fayaduino Uno board) ကို USB cable သုံးပြီး ကွန်ပျူတာ နဲ့ ချိတ်ဆက်ပါ။

ပုံပါအတိုင်းချိတ်ဆက်လိုက်ပါက Uno board တွင်ပါသော Power LED မီးသီး အစိမ်းရောင် နှင့် Built-in LED မီးသီး အ၀ါရောင် တို့ လင်းထိန်လာပါမည်။

LED မီးသီး အ၀ါရောင် Built-in LED မှိတ်တုတ်မှိတ်တုတ်လင်းနေသည်မှာ Uno board ထဲကို ‘မီးသီးကိုမှိတ်တုတ်မှိတ်တုတ်လင်းပါ Blinkဆိုသော example code ပါနေသောကြောင့် ဖြစ်ပါသည်။ 

ပုံပါအတိုင်း Tools > Board > Arduino/Genuino Uno ကိုရွေးချယ်ပေးပါ

IDE ထဲမှ Tools ကိုသွားပါ။ ထို့နောက် Board ကိုရွေးပြီး Arduino/Genuino Uno ကိုရွေးချယ်ပေးပါ။ Fayaduino Uno နှင့် Arduino Uno / Genuino Uno မှာ အတူတူပင်ဖြစ်ပါသည်။ ထို့ကြောင့် board တွင် Arduino / Genuino Uno ကို ရွေးချယ်ရခြင်းဖြစ်ပါသည်။

အကယ်၍ မိမိတွင်ရှိသော board သည် Arduino Nano (သို့မဟုတ်) Fayaduino Nano ဖြစ်ပါက Board တွင် Arduino Nano ကိုရွေးချယ်ရပါမည်။ မိမိတွင်ရှိသော Nano board ကို IDE software ၏ Tools > Board မှ Arduino/Genuino Uno နှင့် တွဲသုံးလို့ မရပါ။ သက်ဆိုင်ရာ board ကိုသာ ရွေးချယ်ပေးရပါမည်။

(မှတ်ရန် – Arduino board / Arduino microcontroller board အသုံးပြုသူတိုင်း မေ့တတ်သည့် အချက်တစ်ချက် ဖြစ်ပါသည်။ မိမိ ခိုင်းစေလိုသော example code များကို board ထဲသို့ မထည့်ခင် IDE > Tools > Board တွင် သက်ဆိုင်ရာ board ကို ရွေးချယ်ထားသလားဆိုသည်ကို စစ်ဆေးသင့်ပါသည်။ များသောအားဖြင့် Arduino Software (IDE) ကို စတင် ဖွင့်လှစ်အသုံးပြုသော အချိန် တွင် ပိုမိုစစ်ဆေးသင့်ပါသည်။)

သက်ဆိုင်ရာ Board ကိုရွေးပြီးပါက ယခုအခါတွင် ပုံပါအတိုင်း Port ကို ရွေးချယ်ပေးပါ

သက်ဆိုင်ရာ Board ကိုရွေးသလိုပင် Port ကိုလည်း ရွေးပေးရပါမည်။ ယခု ပုံထဲမှာက နမူနာ အနေနဲ့ COM24  လို့ပေါ်နေပါသည်။ သက်ဆိုင်ရာ Board ပေါ်မူတည်ပြီး COM နံပါတ် ကွဲနိုင်ပါသည်။ Port ရွေးခြင်း ကိုလည်း Board ပုံစံကဲ့သို့ပင် IDE Software ကို စတင် ဖွင့်လှစ်အသုံးပြုမည့်အချိန် တွင် select လုပ်ထား မထား ပုံမှန် စစ်ဆေးသင့်ပါသည်။ Port ကို select လုပ်ထားမှသာ မိမိထည့်သွင်းလိုသော example code ကို Arduino board (Fayaduino Uno) ထဲသို့ ထည့်သွင်းခြင်းအဆင့်ကို ဆက်လက် ပြုလုပ်နိုင်ပါမည်။)

  • ဒုတိယ အဆင့် မှာ အရေးကြီးတဲ့ အချက်တွေဖြစ်တဲ့ Board နဲ့ Port ကို select လုပ်တဲ့ အပိုင်း လည်း သိသွားပြီဖြစ်ပါတယ်။
×