Getting Started with Arduino အာဒွီနို ကို စတင် အသုံးပြုကြမယ်

၃။ တတိယအဆင့် - Basic Example Code တစ်ခုကို စမ်းဖွင့်ကြည့်မယ်

ကွန်ပျူတာထဲ install လုပ်ထားတဲ့ Arduino Software (IDE) မှာ အရန်သင့် အသုံးပြုနိုင်တဲ့ example code / example projects များစွာ တစ်ပါတည်းပါ၀င်လာပါတယ်။ ဒါဆိုရင် example code တစ်ခုဖြစ်တဲ့ Blink ကိုရွေးချယ်ကြည့်ရအောင်။ Blink ကိုရွေးပြီး Fayaduino Uno board မှာပါတဲ့ LED မီးသီး အ၀ါရောင် Built-in LED ကို ၁ စက္ကန့်စီ ဆက်တိုက်မှိတ်တုတ်မှိတ်တုတ် လုပ်ကြည့်ရအောင်။ Blink ဆိုတဲ့ example ကိုရွေးချင်ရင် – IDE ရဲ့ File ကိုအရင်သွားပါ။ File ထဲက Example ကိုရွေး၊ ပြီးရင် 01.Basics ထဲက Blink ကိုရွေးဖွင့်လိုက်ပါ။ File > Examples > 01.Basics > Blink

11
ပုံပါအတိုင်း File > Examples > 01.Basics > Blink ရွေးချယ်ပါ။
12
ပုံ (၁) Example ထဲက Blink ကို ဖွင့်လိုက်ရင် ပုံ (၁) ကို နမူနာအနေနဲ့ တွေ့မြင် ရပါမယ်။
13
ပုံ (၂) လုပ်ပြီး Blink example code အစအဆုံးကို ကြည့်ရှနိုင်ပါတယ်။

Blink example ကိုဖွင့်ပြီးရင် Verify လုပ်မယ် Upload လုပ်မယ်

  • ပထမဆုံးအနေနဲ့ Arduino Board (Fayaduino Uno) ထဲကို Blink example မထည့်ခင် example code မှန်မမှန် အရင်ဆုံး Verify’ စစ်ဆေး အတည်ပြုကြည့်မယ်။
14
ပုံ (၃) ပုံထဲက မြှားပြထားတဲ့နေရာကို နှိပ်ပြီး Verify လုပ်နိုင်ပါတယ်။ Verify လုပ်တာကတော့ မိမိထည့်သွင်းထားတဲ့ example code မှန်မမှန်စစ်ဆေးရန်ဖြစ်ပါတယ်။
15
ပုံ (၄) Verify ကိုနှိပ်လိုက်လို့ ပုံ (၄) ထဲက အတိုင်း Done compiling ဆိုပြီးမြင်ရရင် မိမိ ထည့်သွင်းထားတဲ့ example code မှန်ပါတယ်။ error တွေ warning တွေ မပါ၀င်ကြောင်းယူဆလို့ ရပါတယ်။
  • Verify လုပ်လိုက်ပြီဆိုတော့ ဒီတစ်ခါ Fayaduino Uno ထဲကို ‘Blink example’ ထည့်ပြီး Arduino လို့ခေါ်တဲ့အရာ ကို စတင်စမ်းသပ်ကြည့်ရအောင်။
16
ပုံ (၅) ပုံထဲက မြှားပြထားတဲ့နေရာကို နှိပ်ပြီး Upload လုပ်နိုင်ပါတယ်။ Upload လုပ်တယ်ဆိုတာကတော့ Verify လုပ်ထားတဲ့ example code ကို board ထဲသို့ ထည့်သွင်းခြင်းဖြစ်ပါတယ်။
17
ပုံ (၆) Upload ကိုနှိပ်လိုက်လို့ ပုံ (၆) ထဲက အတိုင်း Done uploading ဆိုပြီးမြင်ရရင် မိမိ ထည့်သွင်းထားတဲ့ example code မှန်ပါတယ်။ error တွေ warning တွေ မပါ၀င်ကြောင်းယူဆလို့ ရပါတယ်။

(မှတ်ရန် – Arduino board (Fayaduino Uno) ကို ကွန်ပျူတာ / လက်တော့ပ် နှင့် ချိတ်ဆက်ထားပါက Verify လုပ်သည့်အဆင့်ကို ကျော်ပြီး Upload အဆင့်ကို ချက်ချင်းပြုလုပ်နိုင်ပါသည်။ Upload မလုပ်ခင် Tools မှ သက်ဆိုင်ရာ Board နှင့် Port ကို ကြိုတင်ရွေးထားရန်လိုအပ်ပါသည်။)

Getting Started with Arduino သင်ခန်းစာ ပြီးဆုံးပါပြီ။ ဒါဆိုရင် သင့်လက်ထဲက ပစ္စည်းတွေကို စတင် ကလိလို့ရပါပြီ။ စမ်းသပ်လေ့လာလို့ရတဲ့ သင်ခန်းစာ တွေ project တွေ ဘယ်မှာဆုံးသလဲလို့မေးလာရင် ပစ္စည်းသုံးတဲ့သူ User ရဲ့ စိတ်ကူးဥာဏ် Imagination မှာပေါ်မှာပဲမူတည်နေပါတယ်လို့ ဖြေပါရစေ။

Let your imagination do the work. Have fun tinkering!