Arduino Lessons 2. RGB LED

ယခု သင်ခန်းစာမှာ common cathode (CC) အမျိုးအစား RGB LED မီးသီး  အသုံးပြုပုံကိုလေ့လာမှာဖြစ်ပါတယ်။ အခြေခံလေ့လာနေသူများအတွက် အရမ်းလွယ်ကူတဲ့သင်ခန်းစာ တစ်ခုလည်းဖြစ်ပါတယ်။

RGB LED

RGB LED မီးသီး တွင် Common Cathode (CC) နှင့် Common Anode (CA) ဟူ၍ အမျိုးအစား နှစ်မျိုး ရှိပါတယ်။ LED တွင် lead စုစုပေါင်း လေးချောင်း ပါ၀င်၍ lead လေးချောင်း မှ သုံးချောင်းမှာ ပင်မအရောင်များဖြစ်သော အနီ၊ အစိမ်း၊ အပြာ တစ်ချောင်းစီ ဖြစ်ပြီး၊ ကျန်ရှိနေသော lead တစ်ချောင်းမှာ RGB LED အမျိုးအစားပေါ်မူတည်၍ common cathode သို့မဟုတ် common anode ဖြစ်သွားပါတယ်။ ယခု သင်ခန်းစာမှာ Common Cathode (CC) အမျိုးအစား RGB LED မီးသီးကို သုံးမှာဖြစ်ပါတယ်။ အခြေခံအရောင် အနီ၊ အစိမ်း၊ အပြာ အရောင် အရောင် ၃ မျိုး ရောစပ်ပြီး အခြားအရောင်များကိုလည်း ထပ်မံ ထုတ်လွှတ်နိုင်ပါတယ်။ 

 

ပရောဂျက်တွင်ပါ၀င်သောပစ္စည်းများ

  1. Arduino board တစ်ခုခု (ဥပမာ – Uno)
  2. Breadboard 
  3. Jumper Wire x4
  4. Resistor 220 Ohm x3
  5. RGB LED (CC အမျိုးအစား)

Circuit Diagram

RGB LED ကို Arduino နဲ့ချိတ်ဆက်အသုံးပြုမယ်ဆိုရင် PWM pin တွေကိုရွေးချယ်အသုံးပြုပေးပါ။ ယခုသင်ခန်းစာမှာ RGB မီးသီး ရဲ့ အနီ၊ အစိမ်း နဲ့ အပြာရောင် lead တွေကို resistor 220 Ohm ခံ၍  Arduino board ရဲ့  pin 11 ၊ 10 နဲ့ 9 အသီးသီး ကိုချိတ်ဆက်ပေးထားပါတယ်။ Common Cathode အမျိုးအစား RGB LED ဖြစ်သည့်အတွက် မီးသီး၏ cathode lead ကို Arduino board ၏ GND (ground pin) နှင့် ချိတ်ပေးပါ။ (*Common Anode (CA) အမျိုးအစား သုံးမယ်ဆိုရင်တော့ RGB LED မီးသီး ရဲ့  Anode lead ကို Arduino board ရဲ့ 5V pin နဲ့ ချိတ်ပေးပါရမယ်*)

(Tinkercad)

RGB LED ၏ Arduino example sketch

int redPin= 11;
int greenPin = 10;
int bluePin = 9;
void setup() {
pinMode(redPin, OUTPUT);
pinMode(greenPin, OUTPUT);
pinMode(bluePin, OUTPUT);
}
void loop()
{
setColor(255, 0, 0); // red
delay(1000);
setColor(0, 255, 0); // green
delay(1000);
setColor(0, 0, 255); // blue
delay(1000);
setColor(255, 255, 0); // yellow
delay(1000);
setColor(80, 0, 80); // purple
delay(1000);
setColor(0, 255, 255); // aqua
delay(1000);
setColor(255, 255, 125); // Raspberry
delay(1000);
setColor(255, 0, 255); // Magenta
delay(1000);
setColor(255, 255, 255); //White
delay(1000);
}
void setColor(int redValue, int greenValue, int blueValue) {
analogWrite(redPin, redValue);
analogWrite(greenPin, greenValue);
analogWrite(bluePin, blueValue);
}

example

အထက်ပါ  example sketch ကို Arduino board ထဲသို့ upload လုပ်ပြီး RGB LED မီးသီး ကို ကစားနိုင်ပါပြီ။ Sketch ထဲမှာ တော့ အရောင် ၉ ရောင် နဲ့  ဥပမာ ပေးပြုလုပ်ထားပါတယ်။ 

ဒါဆိုရင် အရောင် တန်ဖိုး တွေကို လိုအပ်သလိုပြန်ပြင်ပြီး မိမိ လိုချင်တဲ့ တစ်ခြားအရောင်တွေကို ပြုလုပ် ကြည့်ပါ။ 

×