Arduino Lessons 1. LEDs

ယခုသင်ခန်းစာတွင် တန်ဖိုး မတူညီတဲ့ Resistor တစ်ခုချင်းစီ ကိုသုံးပြီး LED မီးသီးရဲ့ brightness ကို ပြောင်းကြည့်မှာဖြစ်ပါတယ်

သင်ခန်းစာတွင်ပါ၀င်သည့် ပစ္စည်းများ

  • LED 5mm မီးသီး (အနီရောင်)
  • 220 Ohm Resistor
  • 560 Ohm Resistor
  • 10K Ohm Resistor
  • Breadboard
  • Arduino Board (Uno)
  • Jumper Wire

LED

5mm LED မီးသီးလေးတွေဟာ ပါ၀ါစား သက်သာပြီး များသောအားဖြင့် တာရှည်ခံ ကြပါတယ်

ယခု သင်ခန်းစာတွင် လူသုံးများတဲ့ 5mm LED ကိုသုံးထားပါတယ်။ 5mm ဆိုတာက LED မီးသီးရဲ့ diameter ကိုဆိုလိုတာဖြစ်ပါတယ်။ အခြားအသုံးများတဲ့ အရွယ်အစားတွေကတော့ 3mm နဲ့ 10mm ပဲဖြစ်ပါတယ်။ တစ်ခြား အရွယ်အစားတွေလည်းရှိပါတယ်။

LED မီးသီး တာရှည်ခံအောင်၊ ခဏလေးနဲ့ လောင်ကျွမ်းတာတို့ မဖြစ်အောင် သင့်တော်တဲ့ resistor ကို ခံသုံးပေးရပါမယ်။

LED မှာပါတဲ့ Positive (+) pin နဲ့ Negative (-) pin ကို အလွယ်နည်းနဲ့ ခွဲလို့ရတာက

  • Positive pin ဟာ negative pin ထက် ပိုရှည်ပါတယ်
  • LED body ထဲ၀င်ကြည့်လိုက်ရင် negative pin ရဲ့ ထိပ်အပြားဟာ ပိုကြီးပါတယ်

Resistor

Resistor ရဲ့ အဓိကလုပ်ဆောင်ချက် ကတော့ လျှပ်စစ်စီးကြောင်းကို ခုခံကန့်သတ်ခြင်း ဖြစ်ပါတယ်။ မိမိသုံးမယ့် Resistor ရဲ့ တန်ဖိုးများရင် လျှပ်စစ်စီးကြောင်းတွေကိုလည်း ပုံမှန်ထက် ပိုမိုကန့်သတ်လိုက် ပြီး လျှပ်စစ်စီးဆင်းမှု ကလည်း ပုံမှန်ထက်နည်းသွားပါမယ်။ Resistance ရဲ့ unit ကို ‘Ohm’လို့ခေါ်ပါတယ်။ Ohm ရဲ့ အတိုကောက်က Ω ဂရိ စာလုံး Omega ဖြစ်ပါတယ်။ မြန်မာလိုဆိုရင်တော့ ‘အုမ်း’ လို့အသံထွက်ပါတယ်။ Ohm ဟာ တန်ဖိုးနည်း resistance ဖြစ်တဲ့အတွက် resistor ရဲ့ တန်ဖိုးတွေကို kΩ (1000 Ω) နဲ့ MΩ (1000,000 Ω) ဆိုပြီး ထပ်မံသတ်မှတ်ပေးထားပါတယ်။ kilo-ohms နဲ့ mega-ohms လိုခေါ်ပါတယ်။ ယခုသင်ခန်းစာမှာ တန်ဖိုးမတူညီတဲ့ Resistor သုံးခု ဖြစ်တဲ့ 220Ω ၊ 560Ω နဲ့ 10kΩ ကိုအသုံးပြုထားပါတယ်။ အပေါ်ယံကြည့်လိုက်ရင် resistor လေးခုလုံးဟာဆင်တယ်လို့ ထင်ရပြီး သေချာကြည့်လိုက်ရင် resistor မှာပါတဲ့ colour code အရောင်လမ်းကြောင်းတွေဟာ မတူညီတာကို တွေ့ရပါမယ်။ Resistor ရဲ့ တန်ဖိုးကို colour code အရောင် ကြည့်ပြီး ခွဲခြားသိရှိနိုင်ပါတယ်။

Resistor မှာပါတဲ့ colour code အရောင်တစ်ကြောင်းချင်းစီမှာ ကိန်းဂဏန်း တစ်ခုစီရှိပါတယ်၊ အောက်ပါအတိုင်းဖြစ်ပါတယ်

Resistor colour code ဖတ်နည်း

4 Band Resistor နဲ့ ဥပမာ ပေးပါမယ်

  • 1st Band Colour =တန်ဖိုး
  • 2nd Band Colour =တန်ဖိုး
  • 3rd Band Colour= သုညတန်ဖိုး
  • 4th Band Colour = တိုး/လျှော့
ပုံ (၁)

ပုံ (၁) ထဲက <ဝါ ရမ်း ညို ရွှေ> colour band နဲ့ resistor ကို ဖတ်မယ်ဆိုရင်

<4 7 0 5%>  

470Ω resistor ဖြစ်ပါတယ်

ပုံ (၂)

ပုံ (၂) ထဲက <စိမ်း ပြာ ညို ရွှေ> colour band နဲ့ resistor ကို ဖတ်မယ်ဆိုရင်

<5 6 0 5%>

560 Resistor ဖြစ်ပါတယ်။

ပုံ (၃) ထဲက <ညို နက် မော် ရွှေ> colour band ရဲ့ resistor ကို ဖတ်မယ်ဆိုရင် <1 0 000 5%>

10kΩ Resistor ဖြစ်ပါတယ်။

LED မီးသီးလေးတွေနဲ့ မတူညီတာက resistor မှာ positive lead (+) နဲ့ negative lead (-) မပါ၀င်ပါဘူး။ ကြိုက်နှစ်သက်သလို နဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

Breadboard Layout

ပုံပါအတိုင်း ပစ္စည်းများကို ချိတ်ဆက်ပါ။

Arduino board ရဲ့ 5V သုံးပြီး LED ကိုပါ၀ါပေးပါမယ်။ Arduino ကို USB cable နဲ့ ချိတ် ပါ၀ါပေးရုံက လွဲလို့ တစ်ခြား ဘာမှ ထပ်လုပ်စရာမလိုပါ။

ပုံထဲကအတိုင်း resistor ကို breadboard မှာ နေရာချထား ပြီးရင် LED လင်းထိန် လာပါလိမ့်မယ်။ ပထမဦးဆုံး 220 Ohm Resistor နဲ့ စသုံးကြည့်ပါမယ်။ ပြီးတာနဲ့ 220 Ohm ကို 560 Ohm ကို ပြောင်းသုံးလိုက်ရင်တော့ LED မီးသီးဟာ ပိုပြီး မှိန်သွားပါမယ်။ နောက်ဆုံးအနေနဲ့ 10k Ohm resistor ကို ပြောင်းသုံးလိုက်ရင် LED မီးသီးဟာ လုံးလုံး မလင်းတော့သလို ဖြစ်သွားပါမယ်။

Blinking an LED

ပုံ (၄) Arduino board ပေါ်မှ Jumper wire ကြိုးအနီ ကို 5V pin နေရာ မှ D13 pin သို့ ပြောင်းလဲချိတ်ဆက်ပါ။

ယခုအခါတွင် ‘Blink’ ဆိုသော example sketch ကို Arduino board ထဲသို့ upload လုပ်ပါ။ Upload လုပ်လိုက်ရင် Built-in LED မီးသီး ‘L’ နှင့် external LED မီးသီး လင်းထိန်လာပါလိမ့်မယ်။

'Blink' example sketch

  1. /*
  2. Blink
  3. Turns on an LED on for one second, then off for one second, repeatedly.
  4.  
  5. This example code is in the public domain.
  6. */
  7.  
  8. // Pin 13 has an LED connected on most Arduino boards.
  9. // give it a name:
  10. int led = 13;
  11.  
  12. // the setup routine runs once when you press reset:
  13. void setup() {
  14. // initialize the digital pin as an output.
  15. pinMode(led, OUTPUT);
  16. }
  17.  
  18. // the loop routine runs over and over again forever:
  19. void loop() {
  20. digitalWrite(led, HIGH); // turn the LED on (HIGH is the voltage level)
  21. delay(1000); // wait for a second
  22. digitalWrite(led, LOW); // turn the LED off by making the voltage LOW
  23. delay(1000); // wait for a second
  24. }

ကဲ….pin နောက်တစ်ခု ထပ်ပြောင်းစမ်းကြည့်ရအောင်။

Jumper Wire ကြိုးကို D13 pin နေရာကနေ D7 pin နေရာကိုပြောင်းသုံးကြည့်ပြီး Blink example sketch ထဲက int led = 13; နေရာ မှာ int led = 7; လို့ပြောင်းလိုက်ပါ။ ပြီးတာ နဲ့ Arduino board ထဲကို sketch upload ပြန်လုပ်လိုက်ပါ၊ LED မီးသီး ပုံမှန်အတိုင်းဆက်လင်းထိန်နေပါလိမ့်မယ်။

မှီငြမ်း - https://learn.adafruit.com/adafruit-arduino-lesson-2-leds?view=allading Text Here